တာချီလိတ်တွင် အတွင်းကလီစာများ ထုတ်ထားသော ကျားသေတစ်ကောင် စစ်ဆေးတွေ့ရှိ

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်-တာလေ လမ်းမပေါ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်တွင် အတွင်းကလီစာများ ထုတ်ထားသည့် ကျားသေတစ်ကောင်ကို သယ်ဆောင်လာသော မော်တော်ယာဉ်တစ်စီးကို ဇူလိုင်လ ၉ရက် က ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ခရိုင်သစ်တောဦးစီဌာနက သတင်းရရှိသည်။

အတွင်းကလီစာများ ထုတ်ထားသော ကျားသေတစ်ကောင်မှာ အလေးချိန်(၁၂၅) ကီလိုရှိပြီး အမြီးမှ ဦးခေါင်းနှာဖျားအထိ ၈ ပေ ၈လက်မ၊ ခါးလည်လုံပတ် ၃ပေ ၁၀လက်မ၊ အမြင့် ၂ပေ ၄ လက်မ ရှိသည့် ကျားထီးတစ်ကောင်ဖြစ်ပါသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် သစ်တောဦးစီဌာန၊ အကောက်ခွန်ဦးစီဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့  ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမူများ ပြုလုပ်နေစဉ် တာချီလိတ်မှ ကျိုင်းတုံ သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာက ယာဉ်နောက်ခန်းတွင် အဆိုပါကျားသေကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကျားသေကို သယ်ဆောင်လာသူများမှာ ယာဉ်ပိုင်ရှင်ဦးငြိမ်းချမ်းနှင့် ယာဉ်မောင်းဦးစိုင်းနွဲ့တို့ ဖြစ်ပြီး ၄င်းတို့ကို တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမူဖွင့်ထားကာ အရေးယူနိုင်ရေး ဆောာင်ရွက်လျက်ရှိကြောင်းသိရသည်။

By | 2017-07-10T14:25:16+00:00 July 10th, 2017|Mammals, WCS Myanmar, Wildlife Trade|0 Comments

About the Author:

Leave a Reply